၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ မဟေသီမဂ္ဂဇင်း၊ အထူးထုတ်


****

“၂၀၁၂ ခုနှစ်၊ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ ဆရာ မင်္ဂလာရွှေမောင်း၏ စာကောင်းကင်က လင်းလက်ကြယ်ကဏ္ဍတွင် ဖော်ပြထားသည့် ကောက်နှုတ်ချက်”

ဒီလ မဟေသီမဂ္ဂဇင်းမှာပါတဲ့ ညိုရင့်ရဲ့ “သည်ဈေးကလေး”ဟာ မြို့လည်ကောင်က ညဈေးလေးတစ်ဈေးအပေါ် အက်ဆေးဆရာရဲ့ အတွေးအမြင်ကို ရေးဖွဲ့သီကုံးထား တဲ့ အက်ဆေးပါ။ နေ့လည် ၃နာရီက စတင်ရောင်းချခွင့်ရတဲ့ အဲ့ဒီပလက်ဖောင်း   ဈေးကလေးရဲ့ အတွင်းသားကို အက်ဆေးဆရာက နှိုက်ယူပြသထားပါတယ်။ သူက “ ကိုယ်ကိုယ်တိုင်အနေနဲ့ရော၊ ရခဲ့သောနေရာနှင့်ဆိုင်စွာ တစ်ဘက်လူအပေါ် ဘယ်လောက်အထိ စေတနာအပြည့်အ၀ လုပ်ဆောင်ပေးခဲ့သလဲဟူသော အသိတရား ရရှိခဲ့ခြင်းသည် ဈေးကလေးတွင် ဈေးဝယ်ဖြစ်သောကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်” လို့ ဆိုပါတယ်။ လှလှပပ ရေးဖွဲ့ထားတဲ့ အက်ဆေးလေး တစ်ပုဒ်ပါ။ ဖတ်ကြည့်ပါဦး။

****

ညိုရင့်
AMK Creation