AMK Creation

We will build up your dream!

    ပိတောက်ရဲ့သစ္စာကို ကြည်ညိုနေတဲ့ကောင် များလွန်းတဲ့ မသေချာမှုတွေကြား သေချာမှုတစ်ခုက တံခါးကို တွန်းဖွင့်လိုက်ပြီ သင်္ကြန် ………… တဲ့။   တစ်နှစ်ကို တစ်ခါရောက် အ၀ါရောင်သွေး ပိတောက်အလှတွေက ရနံ့ဝေရုံသက်သက် ရောက်ဖြစ်ခဲ့တာ မဟုတ်ဘူး။ စစ်ပြီးခေတ် အေ၀မ်းဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းတစ်ပုဒ်ရဲ့ သင်္ကြန်ကို လှုပ်နှိုးခဲ့သံ ကိုယ့်ရင်အုံကို နင့်နင့်သည်းသည်း ခံစားသက်ဝင်ခဲ့။ (အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ် မမ နှမတို့ရေ …. အသည်းစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ …)၂ ပြည်တော်ဝင်မယ်လေ …။ ညိုရင့်

“သင်္ကြန်လေညှင်းလုလင် မြူးရွှင်တော့ပေ….. ပိတောက်တွေထုံတဲ့ဝတ်မှုံ …… ၀တ်ဆံကြားတွင် …၀တ်ရည်ဆွတ်ဖျန်းလို့သာ….. ဖြတ်သန်းကာ ကြိုင်လန်းစွာ….. ငွေငန်းကို ကြိုလာပါတော့လေ ’’ လမ်းထိပ်ဘက်က၀င်လာတဲ့  ထီရောင်းတဲ့လှည်းဆီက သီချင်းသံကို  ကြားလိုက်ရ တာကြောင့် ဦးလူမော် လက်ထဲက  ဖတ်လက်စ ဂျာနယ်ကို  ဘေးကခုံပေါ် တင်လိုက်ပြီး  နားစွင့်ထားလိုက် မိတယ်။  ခြံထဲက ပိတောက်ပင်ကိုလည်း အဖူးအငုံလေးတွေ  ထွက်စပြုလာပြီလား ဆိုတဲ့ စူးစမ်းကြည့်နဲ့ အသေအချာလိုက် ကြည့်နေမိပြန်တယ်။  ရာသီဥတုဖောက်ပြန်မှုကြောင့် ပိတောက် ကိုယ်တိုင် ပွင့်နိုင်အားမရှိတော့တာမို့ အသေးအမွှား အဖူးအစအနလေးတောင် ပိတောက်ပင်ပေါ် မတွေ့ရသေးပေ။ ဟိုးအရင်  ဦးလူမော်တို့ငယ်စဉ်က အခုလို သင်္ကြန်နီးလာချိန်မျိုးဆိုရင် ရပ်ကွက်ထဲမှာ  သံချပ် အဖွဲ့တွေဆီက  သင်္ကြန်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြား နေကြရမြဲ။  သင်္ကြန်လက်ဆေး မိုးက လည်း  နှစ်စဉ်အချိန်မှန်မှန်ရွာတာကြောင့်  ပိတောက်ပင်ထက်က  […]

AMK Creationမှစီစဉ်သည့် Bloggers များ၏စာအုပ်များ

ယနေ့အတွက်

ဧည့်မှတ်တမ်း

free counters

Copyright © 2009 AMK Creation.

Powered by Wordpress. Theme by One Theme Per month.