အေးချင်တဲ့အခါ စွတ်ရွတ်အေးပြီး ပူချင်ရင် ကျောကော့အောင် ပူတတ်တဲ့ ရာသီဥတုကို ကျွန်တော်တို့တွေ ခံစားနေရတာ အတော်လေး ကြာနေခဲ့ပါပြီ။ သဘာဝ တရားကြီးရဲ့ ဖောက်ပြန်မှုဆိုတော့လည်း ဘယ်လိုမှမတတ်နိုင်ဘဲ အသားတကျ   နေတတ်   အောင်   ကြိုးစားရင်း ခေါင်းငုံခံပြီး နေကြရတာပေါ့။ အဲဒီလို အေးလိုက်ပူလိုက် အပြောင်း အလဲ  မြန်တဲ့ ရာသီဥတုမျိုး ခံစားနေရတဲ့ ရက်တွေထဲက ရက်လေးတစ်ရက်မှာ ဘလော့ဂါ စာရေးဆရာမ မယ့်ကိုးကို ဆရာမမြသွေးနီရဲ့ ခေါ်ဆောင်မိတ်ဆက်ပေးခြင်းနဲ့အတူ AMK ရုံးခန်းမှာ စတင်တွေ့ရှိဖြစ်ခဲ့ပါတယ်။                      တွေ့ဖြစ်ကြရတဲ့ အကြောင်းရင်းက မယ့်ကိုးက သူရဲ့ Idea Magazine မှာ မတ်၊ ဧပြီ၊ မေ သုံးလဆက်ပါတဲ့ မဂ္ဂဇင်းအခန်းဆက် […]