AMK Creation

We will build up your dream!

  “သူ”  သည်လမ်းကလေးသို့ ညနေတိုင်းလိုလို ရောက်ဖြစ်နေခဲ့သည်။ ရောက်ဖြစ်နေရခြင်းမှာ သည်လမ်းကလေးရှိ ကိုးထပ်အဆောက်အအုံအတွင်း ဖွင့်ထားသော ကွန်ပျူတာအရောင်းဆိုင်တွင် အလုပ်ဝင်နေသော ချစ်သူကို   နေ့စဉ် စောင့်ကြိုနေရ၍ ဖြစ်သည်။ သူ့ကုမ္ပဏီ ရုံးဆင်းချိန်မှာ ငါးနာရီခွဲ   ဖြစ်သည်။ ကုမ္ပဏီနှင့် ကွန်ပျူတာအရောင်းဆိုင်မှာ လမ်းလျှောက်သွားလျှင် မိနစ်နှစ်ဆယ်လောက်သာ ဝေးသောကြောင့် ထိုလမ်းကလေးဆီသို့ ညနေ   ခြောက်နာရီ ပတ်ဝန်းကျင်လောက်ဆိုလျှင် သူရောက်နေမြဲပင်။ သူ့ချစ်သူ အလုပ်ဆင်းချိန်မှာ ညခုနှစ်နာရီဖြစ်သည်။ ထို့ကြောင့် ကိုးထပ်အဆောက်အအုံ၏ မျက်နှာချင်းဆိုင် တိုက်တန်းရှေ့ ပလက်ဖောင်းရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ လမ်းမပေါ် သွားလာနေသူများကို   ငေးကြည့်ရင်း ချစ်သူ ရုံးအဆင်းကို နေ့စဉ်   စောင့်ဖြစ်ခဲ့သည်။ ရက်ဆက်လာသောအခါ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့်ပင် […]

“ယောက်ျားလေး” ဓာတ်မှန်ခန်းထဲက ထွက်လာတဲ့ ဇနီးသည်ရဲ့ အသံတိတ် နှုတ်ခမ်းလှုပ်ပြောလိုက်တဲ့ အက်ထရာဆောင်းအဖြေကို သိလိုက်ရချိန်မှာတော့ ကြည်နူးပီတိစိတ်တွေဟာ ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသလို ခံစားလိုက်ရပါတော့တယ်။ “ကိုယ်တို့နှစ်ယောက်ရဲ့ ပထမဦးဆုံးရလာမယ့် ရင်သွေးလေးကို သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ချစ်နေနိုင်တာပဲကွယ်” လို့ ဇနီးသည်ကိုပြောခဲ့ပေမယ့် သားလေးမွေးရင် ပိုကောင်းမှာဆိုတဲ့ အတွေးလေးကတော့ ကျွန်တော့်ရဲ့ မသိစိတ်ထဲ ရှိနေခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအစဉ်အဆက်က မိန်းကလေးပိုများတော့ ညီ၊ ညီမ ၀မ်းကွဲတွေ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရှိရင်လည်း အားလုံးက ယောက်ျားလေး   မွေးစေချင်ကြတာ သိပ်အဆန်းတော့ မဟုတ်ခဲ့ပါဘူး။ နောက်… ကျွန်တော် အိမ်ထောင်ကျပြီး ဇနီးသည် ကိုယ်ဝန်ရှိလာချိန်မှာ “သားကြီး မင်း မိန်းမ ယောက်ျားလေး မွေးရင်ကောင်းမယ်” လို့ ပြောတဲ့ အဖေ၊ အမေရဲ့မြေးယောက်ျားလေး လိုချင်တဲ့ […]

( ၂၀၁၂၊ ဖေဖော်ဝါရီလ၊ ကလျာမဂ္ဂဇင်း) ချစ်ခြင်းအားဖြင့် – ညိုရင့် AMK Creation

AMK Creation ဆိုသည့် ဤBlogလေးကို အိမ်သူ မြသွေးနီ နှင့်တကွ မိတ်ဆွေများ၏ တိုက်တွန်းမှုဖြင့် မရဲတရဲ စတင် မွေးဖွားဖြစ်ခဲ့လိုက်ပါပြီ။ မရဲတရဲဟု သုံးနှုန်းရခြင်းမှာ ကျွန်တော်သည်  အင်တာနက် အသုံးပြုဖို့ရာ အခြေအနေ ပါးလျသူတစ်ဦး ဖြစ်နေသလို၊ အွန်လိုင်းစာပေများကို ကိုယ်တိုင် တစိုက်မတ်မတ် ဖတ်ရှုနိုင်မှု မရှိသူတစ်ဦး  ဖြစ်ပါသည်။ သို့သော် ကျွန်တော့်အိမ်သူက  အွန်လိုင်းမှာ စာများ ရေးသားနေသူ ဖြစ်နေပြန်သဖြင့်၎င်း၊ နှစ်ဦးစလုံး စာပေမြတ်နိုးသူများဖြစ်သည့် အားလျော်စွာ အပြန်အလှန် ဖတ်ရသည်များ ဖလှယ်မျှဝေရာမှ အွန်လိုင်းမှ ကောင်းနိုးရာရာ စာများကို ရေးသားသူ ဘလော့ဂါများကို အမည်နှင့်တကွ ရင်းနှီးနေခဲ့မိ၏။ သူမကတဆင့် ဘလော့ဂါတချို့နှင့် ခင်မင်ရင်းနှီးခွင့် ရခဲ့ပြီး၊ အွန်လိုင်း စာရေးသူများအကြား ကြီးမားသည့် ခင်မင်မှုများကိုလည်း  ကိုယ်တိုင်   […]

AMK Creationမှစီစဉ်သည့် Bloggers များ၏စာအုပ်များ

ယနေ့အတွက်

ဧည့်မှတ်တမ်း

free counters

Copyright © 2009 AMK Creation.

Powered by Wordpress. Theme by One Theme Per month.