AMK Creation

We will build up your dream!

၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ မဟေသီမဂ္ဂဇင်း၊ အထူးထုတ် **** “၂၀၁၂ ခုနှစ်၊ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ ဆရာ မင်္ဂလာရွှေမောင်း၏ စာကောင်းကင်က လင်းလက်ကြယ်ကဏ္ဍတွင် ဖော်ပြထားသည့် ကောက်နှုတ်ချက်” ဒီလ မဟေသီမဂ္ဂဇင်းမှာပါတဲ့ ညိုရင့်ရဲ့ “သည်ဈေးကလေး”ဟာ မြို့လည်ကောင်က ညဈေးလေးတစ်ဈေးအပေါ် အက်ဆေးဆရာရဲ့ အတွေးအမြင်ကို ရေးဖွဲ့သီကုံးထား တဲ့ အက်ဆေးပါ။ နေ့လည် ၃နာရီက စတင်ရောင်းချခွင့်ရတဲ့ အဲ့ဒီပလက်ဖောင်း   ဈေးကလေးရဲ့ အတွင်းသားကို အက်ဆေးဆရာက နှိုက်ယူပြသထားပါတယ်။ သူက “ ကိုယ်ကိုယ်တိုင်အနေနဲ့ရော၊ ရခဲ့သောနေရာနှင့်ဆိုင်စွာ တစ်ဘက်လူအပေါ် ဘယ်လောက်အထိ စေတနာအပြည့်အ၀ လုပ်ဆောင်ပေးခဲ့သလဲဟူသော အသိတရား ရရှိခဲ့ခြင်းသည် ဈေးကလေးတွင် ဈေးဝယ်ဖြစ်သောကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်” လို့ ဆိုပါတယ်။ လှလှပပ ရေးဖွဲ့ထားတဲ့ အက်ဆေးလေး […]

  “သူ”  သည်လမ်းကလေးသို့ ညနေတိုင်းလိုလို ရောက်ဖြစ်နေခဲ့သည်။ ရောက်ဖြစ်နေရခြင်းမှာ သည်လမ်းကလေးရှိ ကိုးထပ်အဆောက်အအုံအတွင်း ဖွင့်ထားသော ကွန်ပျူတာအရောင်းဆိုင်တွင် အလုပ်ဝင်နေသော ချစ်သူကို   နေ့စဉ် စောင့်ကြိုနေရ၍ ဖြစ်သည်။ သူ့ကုမ္ပဏီ ရုံးဆင်းချိန်မှာ ငါးနာရီခွဲ   ဖြစ်သည်။ ကုမ္ပဏီနှင့် ကွန်ပျူတာအရောင်းဆိုင်မှာ လမ်းလျှောက်သွားလျှင် မိနစ်နှစ်ဆယ်လောက်သာ ဝေးသောကြောင့် ထိုလမ်းကလေးဆီသို့ ညနေ   ခြောက်နာရီ ပတ်ဝန်းကျင်လောက်ဆိုလျှင် သူရောက်နေမြဲပင်။ သူ့ချစ်သူ အလုပ်ဆင်းချိန်မှာ ညခုနှစ်နာရီဖြစ်သည်။ ထို့ကြောင့် ကိုးထပ်အဆောက်အအုံ၏ မျက်နှာချင်းဆိုင် တိုက်တန်းရှေ့ ပလက်ဖောင်းရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ လမ်းမပေါ် သွားလာနေသူများကို   ငေးကြည့်ရင်း ချစ်သူ ရုံးအဆင်းကို နေ့စဉ်   စောင့်ဖြစ်ခဲ့သည်။ ရက်ဆက်လာသောအခါ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့်ပင် […]

AMK Creationမှစီစဉ်သည့် Bloggers များ၏စာအုပ်များ

ယနေ့အတွက်

ဧည့်မှတ်တမ်း

free counters

Copyright © 2009 AMK Creation.

Powered by Wordpress. Theme by One Theme Per month.