AMK Creation

We will build up your dream!

“သင်္ကြန်လေညှင်းလုလင် မြူးရွှင်တော့ပေ….. ပိတောက်တွေထုံတဲ့ဝတ်မှုံ …… ၀တ်ဆံကြားတွင် …၀တ်ရည်ဆွတ်ဖျန်းလို့သာ….. ဖြတ်သန်းကာ ကြိုင်လန်းစွာ….. ငွေငန်းကို ကြိုလာပါတော့လေ ’’ လမ်းထိပ်ဘက်က၀င်လာတဲ့  ထီရောင်းတဲ့လှည်းဆီက သီချင်းသံကို  ကြားလိုက်ရ တာကြောင့် ဦးလူမော် လက်ထဲက  ဖတ်လက်စ ဂျာနယ်ကို  ဘေးကခုံပေါ် တင်လိုက်ပြီး  နားစွင့်ထားလိုက် မိတယ်။  ခြံထဲက ပိတောက်ပင်ကိုလည်း အဖူးအငုံလေးတွေ  ထွက်စပြုလာပြီလား ဆိုတဲ့ စူးစမ်းကြည့်နဲ့ အသေအချာလိုက် ကြည့်နေမိပြန်တယ်။  ရာသီဥတုဖောက်ပြန်မှုကြောင့် ပိတောက် ကိုယ်တိုင် ပွင့်နိုင်အားမရှိတော့တာမို့ အသေးအမွှား အဖူးအစအနလေးတောင် ပိတောက်ပင်ပေါ် မတွေ့ရသေးပေ။ ဟိုးအရင်  ဦးလူမော်တို့ငယ်စဉ်က အခုလို သင်္ကြန်နီးလာချိန်မျိုးဆိုရင် ရပ်ကွက်ထဲမှာ  သံချပ် အဖွဲ့တွေဆီက  သင်္ကြန်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြား နေကြရမြဲ။  သင်္ကြန်လက်ဆေး မိုးက လည်း  နှစ်စဉ်အချိန်မှန်မှန်ရွာတာကြောင့်  ပိတောက်ပင်ထက်က  […]

  “လောဘလည်းမရှိဘူး။ ဒေါသလည်း မရှိဘူး။ ဘယ်လိုလုပ်ကြီးပွားမှာလဲ။   သေအောင်လုပ်၊ လုပ်တာပဲ ရှိမှာ။ ဟေ့ ကိုစိုးဝင်း လာဦး”  အပ်ထားတဲ့ လင်းယုန်တံဆိပ် ကျောက်ကျော စက္ကူဘူးတွေအတွက် အပြာတစ်ရောင်ရိုက်ပြီးလို့ နောက်တစ်ရောင်ထပ်ဖို့ မင်ခွက်ဆေးနေတဲ့ စက်နောက်ကြည့် လှအေးကို ဒုတိယထပ်ရိုက်ရမယ့် အနီရောင်က မင်အဝင်များတာမို့ မင်ခွက်ကို   သေသေချာချာဆေးဖို့ ပြောနေတုန်း စက်ခန်းထဲ ဝင်လာတဲ့ ပုံနှိပ်စက် မန်နေဂျာအောင်မြတ်မင်းရဲ့ ကျယ်ကျယ်လောင်လောင်စကားသံကို စက်ဆရာ ကိုစိုးဝင်း ကြားလိုက်ရတယ်။လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့ အောင်မြတ်မင်းအဖို့ အလုပ်အပ်သူတွေနဲ့ တစ်ခုခု အဆင်မပြေဖြစ်တိုင်း ရှင်းပြဖို့စကားလုံးတွေ ရှားပါးနေတတ်ပြီး လက်အောက် ဝန်ထမ်းတွေ အပေါ်ကို ဖိမဲတတ်တာကို အားလုံးက သိနေပြီမို့ သူ့ရဲ့မောဟတွေ ဝေနေ တဲ့မျက်နှာကြီးကို မကြည့်ချင်ပေမယ့် အလုပ်တွေခဏနားပြီး နားစွင့်နေတဲ့ပုံမျိုး ဖမ်းထားနေရတာပေါ့။ […]

  မဟေသီမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၁ ခုနှစ် ညိုရင့် AMK Creation

  InStyle မဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၂ ခုနှစ်။ ညိုရင့် AMK Creation

“ယောက်ျားလေး” ဓာတ်မှန်ခန်းထဲက ထွက်လာတဲ့ ဇနီးသည်ရဲ့ အသံတိတ် နှုတ်ခမ်းလှုပ်ပြောလိုက်တဲ့ အက်ထရာဆောင်းအဖြေကို သိလိုက်ရချိန်မှာတော့ ကြည်နူးပီတိစိတ်တွေဟာ ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသလို ခံစားလိုက်ရပါတော့တယ်။ “ကိုယ်တို့နှစ်ယောက်ရဲ့ ပထမဦးဆုံးရလာမယ့် ရင်သွေးလေးကို သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ချစ်နေနိုင်တာပဲကွယ်” လို့ ဇနီးသည်ကိုပြောခဲ့ပေမယ့် သားလေးမွေးရင် ပိုကောင်းမှာဆိုတဲ့ အတွေးလေးကတော့ ကျွန်တော့်ရဲ့ မသိစိတ်ထဲ ရှိနေခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအစဉ်အဆက်က မိန်းကလေးပိုများတော့ ညီ၊ ညီမ ၀မ်းကွဲတွေ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရှိရင်လည်း အားလုံးက ယောက်ျားလေး   မွေးစေချင်ကြတာ သိပ်အဆန်းတော့ မဟုတ်ခဲ့ပါဘူး။ နောက်… ကျွန်တော် အိမ်ထောင်ကျပြီး ဇနီးသည် ကိုယ်ဝန်ရှိလာချိန်မှာ “သားကြီး မင်း မိန်းမ ယောက်ျားလေး မွေးရင်ကောင်းမယ်” လို့ ပြောတဲ့ အဖေ၊ အမေရဲ့မြေးယောက်ျားလေး လိုချင်တဲ့ […]

AMK Creationမှစီစဉ်သည့် Bloggers များ၏စာအုပ်များ

ယနေ့အတွက်

ဧည့်မှတ်တမ်း

free counters

Copyright © 2009 AMK Creation.

Powered by Wordpress. Theme by One Theme Per month.